2012年1月16日 星期一

စိတ်ရင်းစေတနာကောင်း

ရထားဝန်ကြီး ဦးအောင်မင်း ပြောသွားတယ်လက်နက်တသက်လုံးကိုင်တဲ့သူကို မကိုင်နဲ့ လို့ ပြောရင် မတရားဘူး(မှန်လိုက်လေအောင်မင်းရေး)မင်းတို့ရဲ့နောင်တော်
ကြီးသန်းရွှေအချိန်ကဘုရားပေါ်တက်တာတောင်ခါးမှာပစ္စတိုကြီးချိတ်လို့မှတ်မိသေးတယ်
မို့လား..?လက်နက်မကိုင်ချင်တဲ့ စိတ်ပေါက်အောင် ဘာလုပ်ပေးရမလည်း ဆိုရင် ချမ်းသာရင် ဘယ်သူ့ မှမကိုင်တော့ဘူး.. သူတို့ နယ်မြေဒေသကြီး ဖွံ့ ဖြိုးတိုးတက်လာရင် ဘယ်သူ့ မှကိုင်မှာ မဟုတ်ဘူး.. အဲတာကို လုပ်ပေးလိုက်ရင် သူ့ ဟာသူ အော်တိုမက်တစ်ကလီ လက်နက်က သူ သူ့ဟာနဲ့သူ၊သူသဘောနဲ့သူစွတ်လွတ်သွားမယ်"ကိုယ့်ကရင်နယ်မြေထဲကကိစ္စ၊နယ်မြေဒေသကြီး
တိုးတက်ဖို့ကိစ္စ၊ကြီးပွားချမ်းသာဖို့ကိစ္စကကိုယ့်ဟာကိုယ်လုပ်တတ်ပါတယ်ဟာ၊စေတနာရေစီးကမ်း
ပြိုလာလုပ်နေစရာလိုသေးလား၊နင်တို့တပ်အားလုံးကရင်ပြည်တွင်းကခြွင်းချက်မရှိထွက်သွားပေး
ရင်အားလုံးငြိမ်းချမ်းသွားပြီးဘဲ..မင်းတို့တွေအူဘယ်နှစ်ခွေရှိတယ်ဆိုတာမကြည့်ဘဲနဲ့တောင်ပြော
နိုင်တယ်ဟေ့..မင်းတို့ပါးစပ်ကကရင်တွေလက်နက်အပ်ပါလို့မေပြာရဲသလို..ကရင်တွေရဲ့လက်
နက်ဟာကရင်တွေရဲ့လက်ထဲမှာဘဲရှိရမယ်ဆိုတာကိုလည်းမင်းတို့သိပါတယ်..ပေါင်းစပ်လို့မှမရနိုင်တဲ့အရာကိုလူပန်းစိတ်မောခံပြီးမကျိုးစားပါနဲ့တော့.ကျွန်တော်တို့ကရင့်တော်လှန်ရေးတပ်မတော်
ကြီးဟာကရင်တမျိုးသားလုံးအတွက်သာမက၊တိုးတက်ဖွံ့ဖြိုးသောမြန်မာပြည်ကြီးဖြစ်လာဖို့ဆိုရင်
သန့်ရှင်းမြင့်မြတ်သောစိတ်ရင်းစေတနာတို့ဖြင့်(မည်ကဲ့သို့သောညှိနှိုင်းစေ့စပ်မှုမျိုးကိုကြိုဆိုလျက်ပါဘဲ)ဆိုတာပြောပါရစေ...

2012年1月13日 星期五

အကောင်းဆုံးကိုမျှော်လင့်ခြင်း

အင်းစိန်ကျဆုံးသွားရသည့်သင်္ခန်းစာကိုချစ်စွာသောလူကြီးမင်း(KNU)မှ
လက်ရှိဦးဆောင်နေကြသောလူကြီးမင်းနှင့်(KNLA)စစ်ဦးစီးချုပ်၊တပ်ချုပ်
တပ်မှူးကြီးများအားသတိရ၊သတိချစေချင်ပါသည်။အင်းစိန်တုန်းကလည်း
ဒီလိုဘဲ၊သူတို့စစ်တပ်ဖက်နေ၀င်းကငြိမ်းချမ်းရေးစကားပြောမည်အကြောင်း
ပြပြီးဆွေးနွေးမှုဖြင့်အချိန်ကိုဆွဲယူကာ၊ယူဂိုစလားဗီးယားမှလက်နက်များကို
တင်သွင်းအင်အားဖြည့်ပြီးအယုံလွယ်ကြသောကရင်လူမျိုးတွေကိုပြန်ဆော်ခဲ့
တာတွေကိုမမေ့ကြပါနဲ့(မိုးကတော့မပြို၊ပြိုတော့လည်းအများပေါ့)ဆိုတာလို
တော့မဖြစ်ရင်တော့အကောင်းဆုံးပေါ့၊ရိုးသားတယ်၊မရိုးသားဘူး၊တရားတယ်
မတရားဘူးဆိုတသူတို့စစ်တပ်မှာမရှိဘူး၊သူတို့တွေဟာသေတောင်ငရဲမလားဘူးလို့တောင်ယုံကြည်ထားကြတဲ့လူတန်းစားတွေပါ။ကျွန်တော်တို့ကရင်တွေ
ရဲ့စိတ်ရင်းထဲမှာကတော့ကျွန်တော်တို့မြန်မာနိုင်ငံကြီးဟာအိမ်နီးချင်းနိုင်ငံတွေ
နဲ့စာရင်အရန်းနှိမ့်ကျနေပြီးသူများနှင့်တန်းတူဖြစ်နိုင်ဖို့ရာတကယ်ဘဲလိုလားပြီး
ငြိမ်းချမ်းရေးကိုလည်းတကယ့်ကိုစေတနာစစ်မှန်စွာဖြင့်ဖေါ်ဆောင်လိုသည်မှာ
တကယ့်ကိုမြင်သာထင်သာပါဆိုတာကရင်တမျိုးသားလုံးသာမကတကမ္ဘာလုံး
ကပါအသိဖြစ်ပါတယ်၊ဒါ့ကြောင့်အခုလူကြီးမင်(ဖထီး)များလုပ်နေတဲ့သဘောတူညီမှုတွေကိုတော့လျှော့မတွက်ကြနဲ့ပေါ့၊အရင်တုန်းကလိုဘဲလက်နက်အပ်
ရင်အပ်၊မအပ်ရင်အပြတ်ရှင်းဖို့ရာလိုလားနေကြသောသူတို့ရဲ့ထိပ်ပိုင်းတပ်ချုပ်တချို့တွေ(လူနည်းစုပါ)ရှိနေသေးတယ်ဆိုတာကိုတော့မေ့မထားနဲ့ဦးပေါ့၊
ဒါကြောင့်သမတဦးသိန်းစိန်ဟာကျွန်တော်တို့ရဲ့ဧရာဝတီတိုင်းသားတစ်
ဦးဖြစ်သည့်အားလျော်စွာ၊ခေတ်မှီတိုးတက်သောမြန်မာပြည်ကြီးနှင့်တိုင်းရင်းသားပြည်သူပြည်သားအားလုံးတန်းတူညီတူစွာသာယာစိုပြေ၀ပြောသောလူ့ဘ၀ကြီးဖြစ်စေရန်အတွက်စိတ်ရင်းစေတနာအပြည့်အ၀ထားကာအကောင်းဆုံးလုပ်ဆောင်သွားနိုင်လိမ့်မယ်လို့အကောင်းဖက်မှအမြင်ဖြင့်မျှော်လင့်နေပါတယ်